ယဉ်ကျေးမှုများ


Add Mouse Code - Juegos MultiJugador®


HTML Free Code
ကျနော်ကတော့ရခိုင်သမိုင်းတွေကိုသိလို တင်ပေးထားတာမဟုတ်ပါဘူးသိတဲ့သူတွေတင်ထားတာကိုထပ်မံဖြန်ဝေပေးထားတာ ပါ ကျနော်ဘလော့မှာပြည့်စုံစွာမပါဘူးအဲဒါကြောင့်ပြည့်စုံစွာလေ့လာသူများကို ဆိုဒ်တွေမသိရင်အခက်ခဲဖြစ်နေမှာစိုးလိုကျနော် ဆိုဒ်တွေကို link ချိတ်ပေးထားပါတယ် အဆင်ပြေပါစေ


ကျနော်ဖြန်ဝေထားလိုက်တာပါ အသေးစိတ်လေ့လာချင်ရင်တော link ချိတ်ပေးထားပါမယ် 

ရခိုင်ပြည်နယ်အလံ

 ရခိုင်ပြည်နယ်အလံ
ရခိုင်လူမျိုးတို့သုံးစွဲခဲ့သော ဝေသာလီခေတ် ရခိုင်ဒင်္ဂါး၏ ပန်းဖက်ပုံကို အခြေခံဖော်ပြထားပါသည်။  ဝေသာလီ ခေတ်ရခိုင်ဒင်္ဂါးကို သတ်မှတ်ဖော်ပြရခြင်းမှာ ရခိုင်လူမျိုးများ၏ ပေါ်လွင်ထင်ရှားသော အနုပညာ ဓနာဥစ္စာ ကြွယ်ဝခြင်းနှင့် ရှေးပဝေသဏီကပင် ယဉ်ကျေးမှုထွန်းကားလာခဲ့သည်ဟု ရည်ညွှန်းဖော်ထုတ်လို၍ ဖြစ်ပါသည်။  ရခိုင်ပြည်နယ်တံဆိပ်တံဆိပ်၏ အပေါ်ထိပ်တွင် ကြယ်ဖြူတစ်ပွင့်၊ အောက်ဖက်တွင် “ရခိုင်ပြည်နယ်”ဟု ရေးသာဖော်ပြထားပြီး သဇင်ပန်းခွေနှစ်ခက်ဖြင့် ခြံရံထားပါသည်။ ရခိုင်ပြည်နယ် တံဆိပ်တွင် ပါရှိသော ရုပ်ပုံများ၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကြယ်ဖြူ
• ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံအလံတွင်ပါရှိသော ပြည်နယ်နှင့်တိုင်း (၁၄)ခုကို ဖော်ညွှန်း ထားသည့် ကြယ်ဖြူ(၁၄)လုံးအနက် ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသော ကြယ်ဖြူတစ်ပွင့်ကို သတ်မှတ်ထားခြင်းဖြစ်ပါသည်။
သဇင်ပန်းခွေနှစ်ခက်
• ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကိုသုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြပါသည်။ သဇင်ပန်းကို ရခိုင်တို့က သန့်စင် ပန်းဟုခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။း ပွင့်ဖတ်အယ်တွင် ၀ါဝင်း၍ ရွှေရောင်ရှိသော ၀တ်ဆံနှစ်ခုရှိသည်။ မွေးလည်းမွေးကြိုင်သည်။ မြင့်မြတ်သော သစ်ပင်ကြီးများအပေါ် ၌သာပေါက်ရောက်သည်။  ဖြူစင်သော သီလရောင် ၀ါဝင်းသော ၀တ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတာအခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။ သဇင်ပန်းခက်၏ တစ်ဖက်စီတွင် ပါရှိသော (၈)ပွင့်နှင့် ထိပ်ပေါ်တွင် တစ်ပွင့်ပေါင်းလိုက်သော်လည်း ၉ ဖြစ်သည်။ ထိပ်ပေါ်၌ရှိသော အပွင့်သည် နှစ်ဖက်စလုံးနှင့် ဆိုင်သည်။ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရန် ကိုးန၀င်းကြေသော လက္ခဏာကိုပြထားသည်။ ဖော်ပြပါ သဇင်ပန်းခက်တစ်ခက်စီတွင် အပွင့်ငယ်လက်ဝဲမှ (၈)ပွင့် လက်ျာမှ (၈)ပွင့်စီ ရိုးတံကိုမှီ၍ ရှိနေကြသည်။ ထိပ်ပေါ်မှ တစ်ပွင့်နှင့်ပေါင်းလိုက်သော် (၁၇)ပွင့်ဖြစ်၍ ရခိုင်ပြည်နယ် (၁၇)မြို့နယ်ကို ဖော်ဆောင်ပါသည်။
ဗိန္နူပြောက်များ
• ဝေသာလီဒင်္ဂါားအပြင်ဘက်စက်ဝိုင်းတွင် ဖော်ပြထားသော ဗိန္နူပြောက်များမှာ နက္ကဒါန်တီးဝိုင်း၏ ပုံသဏ္ဍာန်ဖြစ်သည်။ ဝေသာလီဒင်္ဂါးများတွင် ပါရှိသော ဗိန္နူများမှာ အရေအတွက်အားဖြင့် လုံးရေ ၂၀ ပါရှိသော ဒင်္ဂါးအမျိုးအစားရှိသကဲ့သို့ လုံးရေ ၂၀ ထက်ပိုမိုပါရှိသော ဒင်္ဂါများလည်း ရှိကြောင်း တွေ့ရ သည်။ သို့သော်လည်း ယခုသတ်မှတ်ထားသော ရခိုင်ပြည်နယ်တံဆိပ်ပါဗိန္နူပြောက်များ၏ အရေ အတွက်ကို လုံးရေ ၂၀ ဟုသတ်မှတ်ထားပါသည်။ ယင်းသို့ သတ်မှတ်ရခြင်းမှာ တံဆိပ်၏ အလှအပနှင့် ရှေးရခိုင်မင်းများ၏ အဓိကကျင့်ဝတ်ဖြစ်သော မင်းကျင့်တစ်ရားဆယ်ပါး၊ နာယက ဂုဏ်ခြောက်ပါး၊ သင်္ဂဟ တရားလေးပါးတို့ကို ပေါ်လွင်စေရန် ရည်ညွှန်းထားခြင်းဖြစ်ပါသည်။
သိရိဝစ္ဆ
• သိရိဝစ္ဆမှာ သဇင်ပန်းခွေအလယ်တွင်ရှိသည်။ ၄င်းသည် ဝေသာလီစန္ဒြားမင်းတို့ ဒင်္ဂါားတွင် ခပ်နှိပ်သုံးစွဲသော ပုံဖြစ်လေသည်။ ဤတံဆိပ်ကို ဒင်္ဂါားတွင်သာမက ရာဇပလ္လင်မုတ်တံကဲများ၊ ဘုရားတန်ဆောင်မုတ်တံကဲများတံခါးမုတ်စီများတို့တါင် အမြဲသုံးစွဲခဲ့ကြသည်။ သရိဝစ္တမှာ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည်ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင် သင်္ကေတာများစွာပါရှိပါသည်။
နေနှင့်လ
• နေနှင့်လတို့မှာ ပထမဆုံးရခိုင်ဟူသော အမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သောမင်းတို့သည် နေလရှိသော ဘွဲထူး၊ ဂုဏ်ထူးအမည်များကိုခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏တန်ဆာများဖြစ်ကြသည့်အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အမြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြသည်။ နေမင်းနှင့်တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့်တကွ ပြည်သူတို့သည် သစ္စာတရားတည်ကြည်ကြရမည်။ ယဉ်ကျေးမှုအနုပညာ၊ စီးပွားရေးအခြေအနေနှင့် အမျိုးသားများ လက္ခဏာကို ဖော်ညွှန်းထားပါသည်။ နေသည် ကမ္ဘာမြေပေါ်ရှိ လူသတ္တ၀ါတို့ကို အလင်းရောင် ပေးသည်။ လသည်အေးမြကြည်လင်သော သာယာမှုတို့ကို ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသော အရောင်ကိုပေးတတ်သည်။ လူသား သတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာတရားရှိသည်ကိုဖော်ညွှန်းထားခြင်းဖြစ်သည်။
လက်ဝဲရစ်ခရုသင်းနှင့် လက်ျာရစ်ခရုသင်း
• တိုင်းပြည်ကိုအုပ်ချုပ်သော ဘုရင်များ၊ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်က်ျာရစ်ခရုသင်းတို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။. ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ဖော်ကိုဖော်ဆောင်ပါသည်။
စိန်တောင်
• စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဍိုင်အဖြစ် မားမားမတ်မတ်ဖြောင့်တန်းစွာ ရပ်တည်ထားသည်။ ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည် မင်းနှင့်တကွ ပြည်သူတို့အားတည့်တည့် မတ်မတ်အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြထားပါသည်။
စိန်တောင်အောက်ခံ
• စိန်တောင်အောက်ခံမှာ လခြမ်းသဏ္ဍာန်ရှိပြီး စိန်တောင်အား မတိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်း သဘောကိုသရုပ်ဆောင်သည်။
ရွေးလုံး(၇)လုံး (ဗိန္နူ)
• ရခိုင်တို့သည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြတ္တိကာနက္ခတ်သည် စပါးပင်၊ မြေများ၏လက္ခဏာကိုဆောင်သည်။ (တစ်ချိုကျမ်း၌ ကြင်ခုနစ်ကောင်ဟုဆိုသည်)။ ကြတ္တိကာ နက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးရိတ်သိမ်းခြင်းတို့ကို ပြုလုပ်ကြသည်။ ရခိုင်ပြည်နယ်သည် ကြတ္တိကာနက္ခတ်နှင့် လျော်ညီစွာ စပါးစိုက်ပျိုးရေးကို အဓိကပြု၍ သက်မွေး ၀မ်းကျောင်းဆောင်ရွက်ရသော ပြည်နယ်တစ်ခုဖြစ်လေသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ အသက်သွေးခဲဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေးလက္ခဏာသဘောကိုဆောင်ထားခြင်းဖြစ်ပါသည်။
ခြူးပန်း
• ခြူးပန်းသည် အမြင့်မြတ်ဆုံးသော ပန်းတစ်မျိုးတွင် ပါဝင်သည်။ ခြူးပန်း မှာ အပင်မှ ပွင့်သော ပန်းမျိုးမဟုတ်ပေ။ ခြူးကောင်ဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဓာကိုယ်လက်မှ ပေါက်ရောက်နေသော အမွှေးအမှင်တို့၏ ပုံသဏ္ဍာန်တွင် အခွေခွေအလိပ်လိပ်ဖြစ်ပေါ်နေခြင်းကို သရုပ်ဖော်၍ ပန်းချီပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက်အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ ထီးဆောင်န်းဆောင်စသော အဆောက်အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက်၊ ပန်းခွေ၊ ပန်းလိပ်၊ ပန်းနွယ်များ ထုလုပ်ရာတွင် သရုပ်ဖော်၍ ထုလုပ်ခဲ့ကြသည်။ ပန်းခက်တို့၏ အလယ်တွင် ခြူးကောင်များထုလုပ်ထားခြင်းကြောင့် ခြူးပန်းဟုခေါ်သည်။ ခြူးကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊ အသီးအနှံတို့ကိုလည်းကောင်း လုံးဝဖျက်စီးခြင်းမဟရှိ၊ သူတို့သွားရာတွင် အမွေးအမှင်များ တစ်ခုနှင့်တစ်ခုထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင် မြည်သည်။ ယင်းကြောင့် ဆွဲလည်းငယ်များကို ခြူးငယ်ဟူ၍ခေါ်သည်။ မင်္ဂလာရှိသော၊ တေးသံသာ သောအသံတို့ကို သရုပ်ဆောင်ထားသည်။ ၄င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျှင် တစ်ကြိမ်သာမှီဝဲခြင်းရှိသည်။ သူတစ်ပါးအမျိုးအနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကိုစောင့်ထိန်းခြင်း၊ တိုင်းသူပြည်သားတို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်ထားခြင်းဖြစ်ပါသည်။
ဤ သီရိဝစ္ဆတစ်ခုလုံး၏ သဘောတရားမှာ သစ္စာဓမ္မရှိခြင်း၊ လယ်ယာစိုက်ပျိုးရေး၌ စပါးသီးနှံများပွားများစေခြင်း အလင်းနှင့်အမှောင်အကျိုးနှင့်အပြစ်တရားတို့ကို ဆင်ခြင်နိုင်စေခြင်း၊ မိမိတို့ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီစွာတစည်းတစ်လုံးတည်း တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါ်များတိုးတက်စေနိုင်သော သင်္ကေတ သဘောများကို သရုပ်ဖော်ဆောင်ထားပါသည်။
ရခိုင်သို့
ကျနော်ထပ်မံဖြန့်ဝေထားတာပါ ရခိုင်သားမှန်ရင်လေ့လာသင့်ပါတယ် သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရခိုင်စာပေနဲ့ အရေးအသား Posted by . စာပေမိတ်ဆွေများ, ပင်မစာမျက်နှာ, ရခိုင်အမွီအနှစ်များ, ဆောင်းပါး 8:29:00 AM ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ်မသိ ရခိုင်နှင့်ညှိ တဲ့။ မြန်မာစာ အရေးအသားမှာ အပင့်အရစ်ဟာ ပြဿနာ ကြီးတရပ် ဖြစ်ခဲ့ပါတယ်၊ ဘယ်နေရာမှာ ယပင့်နဲ့ရေးမလဲ၊ ဘယ်နေရာမှာ ရရစ်နဲ့ရေးမလဲ၊ ကကြီးကို ယပင့်လဲ (ကျ)၊ ရရစ်လဲ (ကျ)၊ အသံချင်းက တူနေတော့ ဘယ်အဓိပ္ပါဆိုရင် ယပင့်၊ ဥပမာ ကျီးကန်းက ကျီးဆို ယပင့်၊ ပမာဏ ကြီးတာကိုပြတဲ့ကျီး(ကြီး)ကိုတော့ရရစ်၊ ယပင့်(ကျီး)နဲ့ ရရစ်(ကျီး)ကြီးမှာ မရှုပ်ထွေး လှပေမဲ့ တခြးတခြား အပင့်အရစ် ရေးရာမှာကျတော့ ရှုပ်ထွေးကုန်ပါ တယ်။ ကျေနပ်ကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ရေးမလား၊ မျှော်လင့် ဆိုတာကို ယပင့်နဲ့ရေးမလား ရရစ်နဲ့ ရေးမလား၊ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရယ်လို့ မပေါ်ပေါက်ခင်က ပညာ ရှင်တွေ အငြင်းပွားခဲ့ရတဲ့ ပြဿနာကြီးပါ၊ ပြီးတော့ အငြင်းစဲအောင်လို့ ပင့်ရစ်မနိုင် ရခိုင်မေး၊ ပင့်ရစ် မသိ ရခိုင်နှင့်ညှိလို့ အမှာအထား ပေါ်လာတာပါ၊ ရခိုင်စကားမှာတော့ ယပင့်နှင့် ရရစ်ကို ခွဲခွဲခြားခြား အသံထွက်တတ်တော့ ဒီလိုပြဿနာ မရှိပါဘူး၊ နားနဲ့ကြားတဲ့(ကျား)ဆို ကြား။ တောထဲကကျား ဆို ကျား။ နံပါတ်ခြောက်ဆို(ခြောက်)။ ဂျောက်တွန်းတဲ့ချောက်ဆိုချောက်။ ရရစ်ဆိုလို့ကတော့ ရသံ အထင်အရှားနဲ့ အသံထွက်တတ်တာပါ၊ ရခိုင်ဒေသိယစကားဟာ ဗမာစကားရဲ့ ရှေးကရှိခဲ့ပြီး ပျောက် ကွယ်နေတဲ့ အထူးသဖြင့် ရသံကို ထိမ်းသိမ်းထားတဲ့ ဘာသာစကားလို့ ဆိုရပါလိမ့်မယ်။ ရသံ သတ် သတ်လောက်ကို ထိမ်းသိမ်းတာတော့ မဟုတ်ပါဘူး၊ ဗမာစကားမှာ ရှေးသုံးလို့ သတ်မှတ်ထားတဲ့ ပေါရဏ စကား တချို့ကိုလဲ ရခိုင်ဒေသိယစကားမှာ တွေ့နိုင်တာပါဘဲ၊ ဗမာစကားကို ထဲထဲဝင်ဝင် လေ့လာချင်ပြီဆိုရင် ရခိုင်ဘာသာစကားကို ဥပေက္ခာ ပြုထားလို့ မရပါဘူးရှင်၊ ရခိုင်တိုင်းရင်းသားတွေဟာ သမိုင်းအစဉ်အလာ ကြီးမားတဲ့ သူတွေပါ၊ ဓည၀တီခေတ် ဝေသာလီခေတ် မြောက်ဦးခေတ် ဆိုပြီး ရခိုင်သမိုင်း အခိုင်အမာရှိခဲ့ပါတယ်၊ ဓည၀တီခေတ်ဆိုတာက ခရစ်တော်မပေါ်မှီကာလကတည်းက ရှိခဲ့တာပါ၊ နောက်ဆုံး မြောက်ဦးခေတ်က AD ၁၇၈၀ ကျော်အထိ တည်ခဲ့တာပါ၊ ခေတ်အဆက်ဆက်ဟာ ခေတ်မှီကာမတ်တတ်ရယ်လို့ မဟုတ်ပါဘူး၊ ဓည၀တီခေတ် နောက်ပိုင်းမှာဆို ဗုဒ္ဓဘာသာလဲ စပြီးထွန်းကား ဒင်္ဂါးတွေထုတ်လုပ်ပြီး ငွေကြေးစနစ်လဲ တွင်ကျယ်နေခဲ့ပါပြီ၊ ဝေသာလီ လေးမြို့ခေတ် မှာတော့ ပြည်ပအနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ ရှိခဲ့ပါပြီ၊ ငွေကြေးအဖြစ် ရွှေဒင်္ဂါး ငွေဒင်္ဂါးတွေ သုံးစွဲခဲ့ကြပြီလို့ဆိုပါတယ်၊ ရခိုင်မြို့ပြတွေ စည်ပင်ထွန်းကားခဲ့တဲ့ကာလပါရှင်။ AD ၁၅၀၀ ကျော်ဒုတိယ မြောက်ဦးခေတ်ကာလတော့ ရခိုင်ထီးနန်းအင်အား တောင့်တင်းခဲ့တဲ့ကာလပါ၊ ဘိုးတော် ဘုရားလက်ထက် ၁၇၈၄ ခု အိမ်ရှေ့မင်းက တိုက်ခိုက်သိမ်းသွင်းခံခဲ့ရတဲ့အထိပါဘဲရှင်၊ ကိုယ့်ထီး ကိုယ့် နန်း ကိုယ့်ကျငှန်းနဲ့ တင့်တင့်တယ်တယ် နေနိုင်ခဲ့တော့ ရခိုင်စာပေ ထွန်းကားခဲ့ပုံက အံ့မခမ်းလို့ ဆိုရပါ လိမ့်မယ်။ BC ခြောက်ရာစု လောက်ကရေးခဲ့တယ်လို့ ယူဆရတဲ့ဗြဟ္မီအက္ခရာ အပါအ၀င် ရှေးကျတဲ့ အက္ခရာတွေနဲ့ ရေးထားတဲ့ ကျောက်စာတွေကို ရခိုင်ဒေသမှာ အများအပြား တွေ့ရပါတယ်။ ကျောက် စာတွေတင် မဟုတ်ပါဘူး ဝေသာလီခေတ်မှာကတည်းက သက္ကတကနေ ရခိုင်ဘာသာကို ပြန်ဆိုထား တဲ့ ကျမ်းတွေ ပေါ်ထွန်းခဲ့ပြီလို့ဆိုပါတယ်၊ ကျမ္မရာဇ်မင်းကြီးဝတ္ထုတို့၊ မနုဓမ္မသတ်တို့လို စာမျိုး၊ ဂေါတမ ပူရမ်လို နက္ခတ်ကျမ်းတို့တွေပါ၊ ကဗျာလင်္ကာဘက်ကို ကြည့်ပြန်ရင်လဲ ရခိုင်ဒေသဟာ အလင်္ကာ ဒေသ လို့တောင် ဆိုနိုင်လောက်ပါတယ်၊ ကဗျာလင်္ကာ ပေါ်ထွန်းခဲ့တဲ့ ကာလကလဲစော ကဗျာအရည် အသွေးကလဲ ပြောစမှတ်ပြုစရာပါ၊ ပုဂံထီးနန်းဆိုတာ ဘယ်မှာနေမှန်း မသိသေးတဲ့အချိန်၊ AD ခြောက် ရာစု လေးမြို့ခေတ်မှာ ရခိုင်ဘက်မှာက ကဗျာလင်္ကာသံကို ကြားနေရပါပြီ၊ ရေးဖွဲ့သူက အိမ်ရှေ့စံ မိဖုရား စောပြည့်ညို၊ သု့ရဲ့နာမည်ကြီးကဗျာက သိမ်ကံမိန်တွင်၊ အစချီတဲ့ အလွမ်းရတု၊ စပ်နည်းရော အတွေးရော အဆင့်အတန်း မြင့်လှတယ်လို့ ဖတ်ရသူအများ လေးစားရတဲ့စာပါရှင်။ နောက်တော့ AD ၇၈၆ ခု မှာရေးတယ်လို့ အမှတ်အသားရှိတဲ့ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျဉ်းသုံးဆယ့်သုံးလုံး လှေတော်သံ၊ ကကြီး အစ အ အဆုံး အက္ခရာတွေကို ညွှန်းညွှန်းပြီး ဖွဲ့ထားတဲ့ ကဗျာပါ၊ ပုဂံခေတ်က အနန္ဒသူရိယရဲ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ ကဗျာဟာ သူ့ခေတ်သူ့အခါ ဘာသာစာပေ ထွန်းကားမှု အဆင့်နဲ့ ယှဉ်တွယ်ရင် ပုဂံခေတ် လက်ရာ မဟုတ်နိုင်ဘူးလို့ ကောက်ချက်ချကြတဲ့ ပညာရှိများဟာ ပုဂံခေတ်မတိုင်မှီ ကတဲက ပေါ်ထွန်းတယ်လို့ အမှတ်အသားရှိတဲ့ ရခိုင့်ကဗျာတွေကို ဆင်ခြင်စဉ်းစား သင့်လှပါတယ်ရှင်၊ ကဗျာလင်္ကာအရာမှာ ရခိုင်တိုင်းရင်းသားတွေ ဗမာတွေထက် အယင်ကျပုံကို နောက်သာဓကတရပ် ရှိပါသေးတယ်။ အဲဒါက မြန်မာဘက်မှာလဲ ထွန်းကားတဲ့ ဧချင်း ကဗျာပါ။ ဧချင်း ကဗျက ဘုရင့်သားတော် သမီးတော်တွေ အိပ်စက်တဲ့အခါ ဆိုရလျှောက်ရတဲ့ ကဗျာတမျိုးပါဘဲ၊ ဒီဧချင်းကဗျာလောကမှာ ဘယ်ဧချင်းကဗျာ အစောဆုံးလဲ ကြည့်ပြန်ရင် ရခိုင်မင်း ဘစောဖြူရဲ့သမီး မောက်တော်မင်းသမီးအတွက် ဖဒူမင်းညို ရေးသားတဲ့ ရခိုင်မင်းသမီးဧချင်းပါဘဲ၊ ဒါကိုကြည့်ရင် မင်းသားငယ် မင်းသမီးငယ် တွေအတွက် ဧချင်း ရေးတဲ့အစဉ်အလာကို ရခိုင်စာဆိုတွေက ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါလိမ့်မယ်၊ ရခိုင်စာဆိုတွေထဲမှာ နောက်ထင်ရှားတဲ့ စာဆိုတဦးက ဥက္ကာပျံပါ။ ခရစ်နှစ် ၁၅၀၀ ကျော် ၁၆၀၀ လောက်မှာ ရခိုင်ဘုရင် မင်းခမောင်း ဟံသာဝတီကို ရောက်နေပါတယ်၊ ဘုရင်နဲ့ပါလာတဲ့ အမတ်ကြီး ဥက္ကာပျံက ရခိုင်ကို လွမ်းလှပါပြီ ပြန်ချင်လှပါပြီ၊ ဒီမှာတင် ကိုယ့်ဘုရင် ရခိုင်ကို ခြေဦးပြန်လှည့်ဘို့ ဆယ့်နှစ်ရာသီဘွဲ့ ကဗျာကြီးကို ရေးပါတယ်၊ ဒီကဗျာဟာလဲ ပညာရှင်တွေ တလေးတစား ချီးကျူးရတဲ့ ကဗျာပါ၊ ကဗျာလင်္ကာနဲ့ ပတ်သက်လာရင် ရှေးတန်းရောက်နေတာဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကဗျာလင်္ကာ ဗီဇကြောင့်လို့ ဆိုရင် မမှားနိုင်ပါဘူး၊ ရခိုင်တ်ုင်းရင်းသားတွေက အရေးအခင်း ထူးထူး ခြားခြားရှိတိုင်း ကဗျာမပါရင် ပြီးမှမပြီးတာ လှေလှော်ထွက်ရင် ကဗျာနဲ့ ဘုရားပွဲရှိရင် ကဗျာနဲ့ အလှူ မင်္ဂလာပွဲမှာ ကဗျာနဲ့ ကဗျာနဲ့ ကင်းခဲပါတယ်ရှင်၊ ဒါကြောင့်လဲ လှေတော်သံကဗျာ ပုခက်လွှဲသားချော့ ကဗျာတို့ သာခြင်းတို့ တပို့တွဲလ ကောက်ရီတ်အပြီး သီကြဆိုကြတဲ့ သံချပ်တို့ ပုဂ္ဂိုလ်တဦးဦးရဲ့ အတ္ထု ပတ္တိကို ဖွဲ့တဲ့ ဘွဲ့ကဗျာတို့ ကဗျာလင်္ကာ အဖွဲ့အမျီုးမျိုး တွေ့နိုင်ပါတယ်။ အဆုံးစွာ အစီရင်ခံရရင် ဗမာကဗျာမှာ မတွေ့ရတဲ့ သခွားသီးအဖွဲ့ကဗျာမျိုးကိုတောင် တွေ့ရပါတယ်ရှင်၊ ကဗျာလင်္ကာ ဘက်မှာ သာ မဟုတ်ပါဘူး၊ စကားပြေ ထဲမှာဆိုရင်လဲ ကျောက်စာ ရာဇ၀င် လျှောက်ထုံး ပုံပြင် ၀တ္ထု စသဖြင့် ပေါပေါကြွယ်ကြွယ် ရှိလှတဲ့ ရခိုင်စာပေပါ၊ ဒီလိုအဆင့်အတန်း မြင့်တဲ့ တိုင်းရင်းသား ဘာသာစာပေကို မြှင့်တင်ဘို့အလုပ်ဟာ မြန်မာတိုင်းရင်းသားတိုင်း တာဝန်တရပ်ပါဘဲ၊ မြန်မာစာ လေ့လာရေးမှာ ဗမာစာ ဗမာစကား သက်သက်ကိုသာမဟုတ်ဘဲ တိုင်းရင်းဘာသာစာပေတွေကိုပါ လေ့လာဘို့ အခွင့်အလမ်း ဖန်တီးနိုင်ရင် ကောင်းလေစွလို့ အောက်မေ့ မိပါတယ်ရှင်။ စာပေမြင့်ပြီး လူမျိုးတင့်ပါစေ။ RFA မှထုတ်လွင့်ချက် ကိုအများသိရန်ခံစားတင်ပြသည် .................................... ရခိုင့်အမျိုးသားရေး နိုင်နိုင်


ကျနော်http://www.arakanfolks.com ဆိုဒ်မှ shar ထားတာပါ အသေးစိတ်လေ့လာလိုသူများ ဒီဆိုဒ်ထဲဝင်ပြီးလေ့လာကြပါ ကနော်ကသိလိုတတိလိုမဟုတ်တဲအတွက်ဒီလိုshar လုပ်ပြီးဖြန့်ဝေလိုက်တာပါ အဆင်ပြေပါစေရက္ခိတတို
ရခိုင်တို့ကတဲ့ ဒုံးယိမ်းပွဲ - သားရွှေဦး(ကစ္ဆပ)
တောရွာသဘာဝအတိုင်း တစ်ရွာတွင်ပွဲရှိလျှင် တစ်ရွာကမနေနိုင်ဆိုသလို တပေါင်းလရောက်လျှင် မြစ်နား ရွာမှာ "ဒုံးပွဲရှိတယ်ဟဲ့"လို့ ကြားလျှင်ပင် ဒုံးပွဲကို ကြည့်ရဖို့ လက်ချိုးရေတွက်ရပြီး ဒုံးပွဲကို ရွာကလူကြီး၊ လူငယ်များပါမကျန် လှည်းများစီတန်းသွားခဲ့ကြသည်။ နေ့ခင်းဘက်တွင် ဒုံးယိမ်းကပွဲကို တစ်ဝကြီးကြည့်၊ ညဘက်ကျလျှင် ဇာတ်ပွဲမိုးအလင်းကြည့်နှင့် ကျေးလက်သဘာဝ တောသူတောင်သားများ ပျော်ကြရသည်။ ဒုံးယိမ်းများမှာ ရွာနှစ်ဆယ်၊ သုံးဆယ်မှ ယိမ်းအဖွဲ့များက အပြိုင်လာကြခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီး ပွဲဆိုလျှင် ယိမ်းက ပိုများသည်။ နောက်ဆုံးနေ့မှ ယမ်းတုံးများကို ပစ်ဖောက်ကာ ပူဇော်ကြပြီး ရုပ်ကလာပ်ကို မီးရှို့ကြသည်။ ယင်းအချိန်က ရွာတစ်ရွာတွင် ယိမ်းတစ်ယိမ်းတော့ ရှိကြသည်။ ယခုနှစ် မောင်တောမြို့နယ်အတွင်းက ရွာသာယာကျေးရွာဒုံးပွဲကို ရောက်ခဲ့သည်။ ဒုံးပွဲနှင့် ဒုံးယိမ်းမှာ ရခိုင်ပြည်နယ်တစ်ဝန်းတွင် ယခုတိုင် ထိန်းသိမ်းနေသော ရိုးရာအမွေအနှစ်တစ်ခု ဖြစ်နေပါသေးသည်။ ရခိုင်ပြည်နယ်တွင် ဘုန်းကြီးပျံပွဲကို ဒုံပွဲဟု ခေါ်ခြင်းဖြစ်သည်။ ဒုံးပွဲတွင် အဓိကကြည့်ရှုစရာ နှစ်မျိုးရှိသည်။ ယင်းတို့မှာ ဘုန်းတော်ကြီးရုပ်ကလာပ် ယာယီစံကျောင်းဆီသို့ ယမ်းတုံးများဖြင့် ဒုံးတိုက်ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ လှပစွာပြင်ဆင်ထားသည့် တလားများကို ဒုံးယိမ်းအဖွဲ့များက တလားများကို ဒုံးယိမ်း အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်သီဆို ကပြခြင်းပင်ဖြစ်သည်။

ရခိုင်ရိုးရာ ဒိုးကစပ်ပွဲ

လူမျိုးတိုင်းမှာ ရိုးရာ အားကဇပ်နည်း အမျိုးမျိုးဟိကတ်ပါရေ။ ရခိုင်ဒေသ အားကဇပ်နည်းများမှာ ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်တေပိုင် အချင်းချင်း စည်းလုံးညီညွတ်မှုနန့် စည်းကမ်းလိုက်နာမှု အဖွဲ့ လိုက်နန့် တစ်ဦးချင်း ကြိုးစားစိတ်ဟိမှု အလေ့အကျင့်တိကို ရရှိစီပါရေ။ ယင်းအားကစားနည်းများမှာ ဆိုပါကေ ကျင်ပွဲ၊ ရထားပွဲ၊ ရီလှီပြိုင်ပွဲ၊ ကုန်းလှီပြိုင်ပွဲ၊ အောင်လူပြိုင်ပွဲ၊ အဗြီးပြိုင်ပွဲ၊ ဒေါင်းပြောက်ခုန်ပွဲ၊ ကြက်ခွတ်ပြိုင်ပွဲ၊ ဒိုးပြိုင်ပွဲ၊ ခတ်ကျောက်သီးပြိုင်ပွဲ၊ ဂိုင်ထိုးပွဲ၊ ကွမ်းသီးဝှက်ပွဲ၊ ဆိတ်ခိုးပွဲ၊ အပင်တက်ပြိုင်ပွဲ၊ ချေတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပြိုင်ပွဲ ဆိုပြီးကေ ကစပ်တေနည်း အများကြီးဟိကတ်ပါရေ။

ယင်းအားကစပ်တေပွဲမှာ လူကြီးလူငယ်စုပေါင်းလို့ တစ်မျိုး၊ အပျို လူပျိုး စုပေါင်းလို့တစ်မျိုး၊ အပျိုမချေတိ သက်သက်တစ်မျိုး၊ လူပျိုချေတိ သက်သက်တစ်မျိုးစီ ခွဲခြား ကဇတ်ရရေပွဲတိ ဟိခပါရေ။ ဒိုးပြိုင်ပွဲဆိုပါက အပျိုချေတိ အထူးတလည် နှစ်သက်ရေ ပွဲတစ်မျိုးဖြစ်ပါရေ။ နိခင်းနိလည် အားလပ်ချိန်မှာ တစ်မျိုး၊ လပ, ရေ ညဥ့်အချိန်မှာ တစ်မျိုး၊ အထူးစည်ကားရေ ဒိုးပြိုင်ပွဲကြီး ဟိခကတ်ပါရေ။

ရခိုင်ရိုးရာပုံပြင်များ အဆက်

ရခိုင်ဒဏ္ဍာရီ ပုံဝတ္ထုများ၌ "ကလူတတ်ပွဲတော်" ကင်းပပြီးလျှင် ပုံဝတ္ထုအနိုင်အထ ပြောဟောလေ့ရှိခဲ့ကြောင်း ကိုလည်း တွေ့ရပေသည်။

ထိုပုံပြင်အရ ရခိုင်လူမျိုးတို့၏ ၀တ္ထုပြောဟောမှု၌ ရှေးဒဏ္ဍာရီ ခေတ်ကပင် ရှိခဲ့ကြောင်း အထောက်အထား လည်း ဖြစ်ပေသည်။

ရှေးအခါက ရက္ခပူရပြည်သျှင် ရခိုင်မင်းတစ်ပါး ရှိလေသည်။ ထိုမင်းသည် နှစ်စဉ်မပြတ် နန်းတော်ရင်ပြင်၌ ည လသာသာအချိန်မှာ ပုံဝတ္ထုဟောပြောပွဲများ ပြုလုပ်လေ့ရှိသည်။ ထိုပွဲကို "ကလူတတ်ပွဲတော်" (ကာနူ တတ်ပွဲလည်းဟူ)ဟု ခေါ်ဆိုသည်။ ထိုကလူတတ်ပွဲတော်သို့ ဘုရင်၏ အမိန့်အရ အနယ်နယ် အရပ်ရပ်မှ ၀တ္ထုပြောတတ်သော ကလူတတ်များ လာရောက် ပြောဟောကြရလေသည်။

ရခိုင် ဗဟိုစည်

နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။

ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

ယီးယင်-ယီးလေ-ယီး လား

ယီးယင့်-ယီးလေ-ယီးလား တေးသံများကို လူတိုင်းကြားဖူးကြပေမည်။ ပုခက်လွဲတေးသံ၊ လှေလှော်တေးသံ အားလှော်တေးသံ(၀ါ) အားဖြည့်တေးသံများ ဖြစ်ကြသည်။ ယီးဆိုသောစကားမှာ ပါဠိဘာသာ "ဧဟိ"မှ ဆင်း သက်လာသည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "လာလော့"ဟု အနက်ရသည်။ ပုခက်လွှဲပြီး မိမိထံပြန်လာ စေခြင်း၊ လှေတက်ညီညီ လှော်ခတ်ပြီး ပန်းတိုင်သတို့အရောက် သယ်ဆောင်ခေါ်ယူခြင်း၊ ထိုထက်ကြီးမား သော အရာဝတ္ထုမျိုးကို မိမိလိုရာသို့အရောက် သယ်ဆောင်ခေါ်ယူခြင်း သဘောပင်ဖြစ်သည်။

ယီးဆိုသော ဝေါဟာရကို ရှေးခေတ် (ဧယီး) (ဧယီး)ဟူ၍ အသံထွက်ကြသည်။ ရွတ်ဆိုသော ဗဟုဝဏ္ဏအက္ခ ရာအဖြစ် "ချီ"(ထီး)ဟူ၍ အသံထွက်ကြသည်။ အားလုံးသော ကဗျာများကို တေးသံအဖြစ် ရွတ်ဆိုသောအခါ "ယီးယင်" "ယီးလေး" "ယီးလား" သံစဉ်များကို အချီအချ အပိုဒ်တို့၌ ထည့်သွင်းရွတ်ဆိုလေ့ ရှိကြပေသည်။

ရခိုင်ရှင်ပြုဓလေ့နှင့် ရတုဆိုပွဲ

ဘုရားရှင် လက်ထက်ကပင် ရှင်ပြုခွင့် ရရှိလာသည်မှ စ၍ ရှင်ပြုလေ့သည် ဗုဒ္ဓဘာသာဝင် လူမျိုးတို့တွင် ကု သိုလ်တော်ပွဲထူး တစ်ခုဖြစ်လာသည်။ မိဘများလည်း သာသနာ့အမွေပေးရာ ခံရာရောက်၍ မြင့်မြတ်သည် ဟု ယုံကြည်ကြသည်။ ရခိုင်ဘုရင်မင်းများလည်း ပဉ္ဇင်းတစ်ထောင်ခံပွဲများကို ပြု၍လည်းကောင်း၊ သာသနာ အတွက် ထောက်ပံ့ကူညီ လှူဒါန်းပြု၍ လည်းကောင်း၊ သာသနာ့ကရ၊ သာသနဒါယဒ၊ သာသနာ ဒါယပ၊ သာ သနာ့နုဂ္ဂဟူသော ဘွဲ့ထူးကို အမြတ်တနိုးခံယူခဲ့ကြကြောင်း ကျောက်စာတို့တွင် တွေ့ရှိနိုင်ပေသည်။

ရှင်ပြုအရွယ်ရောက်သူကို ရခိုင်က "ဗောင်းတင်ချေ" ဟုခေါ်လေသည်။ ရှင်ပြလိုသူများမှာ သာရဏဂုံသီလ၊ ရှင်ကျင့်ဝတ် စသည်တို့ကို ပီသစေရန် ကြိုတင်၍ ဆရာတော်ထံ လျှောက်ထားအပ်နှံကာ သင်ယူစေရသည်။

ကင်းပွန်းတပ်နှင့် ပုခက်တင်မင်္ဂလာဓလေ့ တံထွာများ

ကိုယ်ဝန်အတွက်ရှောင်စရာ

ရခိုင်လူမျိုးတို့တွင် မွေးစအချိန်မှစ၍ မင်္ဂလာမှုပြုလုပ်ရသော ဓလေ့ထုံးစံများ ရှိကြသည်။ မိန်းမများ ကိုယ်ဝန် ဆောင်လျှင် လင် ယောက်ျားများသည် အသုဘတို့တွင် အလှူငွေ မထည့်ရချေ။ မသာ လူသေအလောင်း ကောင်နှင့် စပ်ဆိုင်သော ကိစ္စများတွင် ၀င်ရောက်ကိုင်တွယ်ခြင်း မပြုလုပ်ရပေ။ တစ်ချို့တွင် ပေါက်တူး၊ဓါးမ၊ သေတ္တာ၊ ဖျာအခင်းများ မသွင်းရ မ၀ယ်ရချေ။ အိမ်ရာအသစ် ဆောက်လုပ်ခြင်း အိမ်ရာမြေ ၀ယ်ယူခင်း မပြု ရချေ။

မွေးဖွားစဉ်ဓလေ့
အချို့သော ရခိုင်အမျိုးသားများသည် မိမိအိမ်တွင် ကလေးမျက်နှာမြင်ရှိလျှင်ပင် ထိုအိမ်က ချက်ပြုသော ထ မင်းကို မစားတော့ချေ။ လောကီပညာ လက်ဖွဲ့အင်းအိုင် အသုံးပြုရှိကြသူများမှာ မွေးဖွားအိမ်ကို ရှောင်လေ့ ရှိကြပါသည်။ထိရှပွန်းပဲ့၍ ဒဏ်ရာရသော်လည်းကောင်း၊ အနာပေါက်နေသော်လည်းကောင်း၊ မွေးဖွားအိမ်သို့ ၀င်မိပါက ကင်းပွန်းသင့်သည်ဟု ယူဆကြသည်။ အနာယောင်ယမ်း(ရောင်ယမ်း) လာသည်ကိုပင် ကင်းပွန်း သင့်သည်ဟု ဆိုကြသည်။

ရက္ခိုင်ပြက္ခဒိန်

ပြက္ခဒိန်ဟူသော ဝေါဟာရကို ရခိုင်ပြည်၊ မြန်မာပြည်တို့တွင် မည်သည့် ခေတ်ကာလကစ၍ အသုံးပြုလာ ခဲ့ သည်ဟု အတိအကျ မသိရသေးချေ။ သို့သော် ယနေ့တိုင် မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော စာပေများစွာ တို့တွင် ရခိုင်ဘုရင် ဘစောဖြူမင်းလက်ထက် ရေးစပ်ခဲ့သော ထိုရခိုင်ဘုရင် ဘစောဖြူမင်း၏ သမီးတော် ဧချင်းတွင် "ပြက္ခဒိန်"ဟူသော ဝေါဟာရကို အစောဆုံးရေးသားခဲ့ကြောင်း သုတေသီများ လေ့လာတွေ့ရှိ ရ သည်ဆို၏။ ထိုဧချင်းကား ရခိုင်စာဆိုတော် ဗဒူမင်းညို၏ လက်ရာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် ရှေးအကျ ဆုံးဖြစ်နေသော ဧချင်းဖြစ်ကြောင်းကိုလည်း အားလုံးက အသိအမှတ်ဖြစ်ကြပေလိမ့်မည်။

ထိုရခိုင်မင်း၏ သမီးတော်ဧချင်းပါ ပြက္ခဒိန်ဟူသော ဝေါဟာရအသုံးည် ယနေ့တိုင် ဆက်လက်သုံးစွဲမြဲ ရှိနေ သေးရာ ခေတ်ပေါ်အသုံးမဟုတ်ကြောင်း ထင်ရှားလှ၏။ယခုအခါ ပြက္ခဒိန်အစား "ပက္ခဒိန်"ဟူ၍ လည်း ရေး ထုံးပြုနေကြသည်များကိုပါ တွေ့ရှိနေကြပေသေး၏။

ရခိုင်သာခြင်း

သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေးလက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။

အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင်သာခြင်းများ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာ ချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။

ရခိုင့် နွားလားဥဿဘ

ရခိုင်ပြည်နေရာ အနှဲ့အပြား၌ နွားလားဥဿဘ ရုပ်များကို သမိုင်းရုပ်ကြွင်းများအဖြစ် တွေ့ရသည်။ ဓည၀တီ ခေတ်မှသည် မြောက်ဦးခေတ်အထိ နွားလားဥဿဘရုပ်များကို ဘာသာရေးဆိုင်ရာ ဘုရားပုထိုး စေတီ များတွင် လည်းကောင်း၊ ဗုဒ္ဓ၀င်အုတ်ခွက် ကျောက်ခွက်များတွင် လည်းကောင်း၊ ငွေဒင်္ဂါးများတွင် လည်း ကောင်း၊ ပုရပိုက်မော်ကွန်းများတွင် လည်းကောင်း၊ ၁၂-လရာသီ စက် လက္ခဏါများတွင် လည်းကောင်း၊ ထွင်းထု သွန်းလုပ်ခဲ့ကြသည်များကို တွေ့ရသည်။

အချို့သော သုတေသီများက နွားလားဥဿဘသည် သီဝဘုရားသခင်နှင့် ကြိချတော်ဘုရားသခင်တို့၏ တ မန်တော် နန္ဒိနွားလားကို ကိုးကွယ်ကြသည်။ ရခိုင်မှ နွားလား ဥဿဘရုပ်များသည် အိန္ဓိယပြည် ဟိန္ဒူဘာ သာမှ ပျံ့နှံ့စိမ့်ဝင်လာခြင်း ဖြစ်မည်။ ရှေးခေတ် ရခိုင်တို့သည်လည်း နွားလား ဥဿဘရုပ်များကို ကိုးကွယ် ကြသည်။ ဟိန္ဒူ ဘာသာဝင်များသာ ဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည်။

ရခိုင်နှင့် ပန်သဇင်

မိုးရာသီကုန်ဆုံးလျှင် ဟေမန္တဆောင်းဥတုသို့ ကူးပြောင်းလာသည်။ ထိုအခါ ဆီးနှင်းစိုစွတ်လျက် မြောက်လေ စုတ်လေ တစ်သုတ်သုတ်ထ၍ ချမ်းအေးလာသည်။ ထို့ကြောင့် ရခိုင်စာဆို ဆရာထွန်းက...

"မိုးလေးလဆုံး ၊တန်ဆောင်မုန်းလ
သာရဒတွင်၊ ၀သန်ကုန်နှောင်း
ဟေမာန်ပြောင်းလျက်၊ ဒေါင်းနှင့်ယုန်ပျံ
ဘုံနဘံဝယ်၊ ကြုံစံကာတွေ့" ဟူ၍ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌စပ်ဆိုထားခဲ့သည်။

ထိုဆောင်းလအခါတွင် မြောက်လေပြန်ခေတ်လိုက်လျှင် သဇင်ရနံ့လည်း ကြိုင်သင်းခဲ့ရလေသည်။ သဇင်ပန်း ပွင့်ချိန်မှာ နတ်တော်လ၌ အစပြုသည်။ တပို့တွဲလတွင် သဇင်ပန်း အဆုံးတိုင်တော့သည်။

ရခိုင်အောင်လံတော်</ a>

ရခိုင်ထီးရိုးနန်းနေ့ မင်းအပေါင်းတို့၏ ရွှေနန်းဥက္ကံ သံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင်လံ တော်ကြီး၏ အကြောင်းချင်းရာဟူသမျှတို့ကို အခါအခွင့်နှင့်ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇသေနင်္ဂဗျူဟာ ကျမ်း၊ ဗျူဟာစက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းတို့မှ ဗဟုသုတဖြစ်စေခြင်းငှာ အနည်းငယ်ဖော်ပြပါအံ့။

၁။ အောင်လံတော်၏ အတိုင်းအတာကား အလျား ၉-တောင်၊ အနံ ၆-တောင် တိတိရှိသည်။ ထိုထက်ငယ် စေလိုလျှင် အ၀က်ကျအတိုင်းအတာပြု၍ သုံးခဲ့သည်။

၂။ အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုကြသည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထားပြီး အနီရောင် ကို အောက်ပိုင်း၌ထားသည်။

ရခိုင်တို့၏ တူရိယာစည် တီးခတ်ခြင်း

အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါး မျိုးကိုပင် "တူရိယာငါးမျိုး"ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက "ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်" ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တိုရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။

အတီးအမှုတ် တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ်အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည် အမျိုး အစားများစွာကို ပါဠိစာပေနှင့် ကက္ကတတို့တွင် များစွာပါရှိပေ၏။ စည်မှာ အမျိုးအမည်ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ်အခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျ ဖော် ပြရန် မဖြစ်နိုင်ပေ။

ရက္ခိုင်အကများနှင့် ပျော်ပွဲသဘင်များ

၁။ ဒုံးကြမ်းအက 
၂။ ဒုံးယိမ်းအက 
၃။ ပင့်ကူအကခေါ်ရှေးဇာတ်နိပါတ်များကိုကပြခြင်းများ 
၎။ ငစည်အက 
၅။ ကြိုးတန်းလျှောက်တိုင်တက်အက၊(စကြော့စုအစို့သားများကကကြသည်။) 
၆။ နဂါးအက 
၇။ တိုးအက 
၈။ ဆံတောက်ပိုးအက 
၉။ ရှေးသူရုပ်မကြီးများအက 
၁၀။ရုပ်သေးအက 
၁၁။နတ်အက 
၁၂။၁၂ရာသီပွဲသဘင်များ

ရခိုင်ဓလေ့နှင့်ပဂရေ</ a>

"ပဂရေ"ဟူသည် ပိတုန်းနှင့်ဆင်ဆင်တူသော ပျံသန်းပိုးကောင်တစ်မျိုးဖြစ်သည်။ ယင်းပိုင်းကောင်သည် ရွှံ့ ပျော့ညံ့ညံ့များကို သယ်ယူပြီး ဥအတွက်သားအတွက် အိမ်လုပ်စီမံလေ့ရှိသည်။ ယင်းပဂရေ အမ ပြုလုပ်သော အိမ်ကိုပင်ရခိုင်တောင်သူလယ်သမားများက "ပဂရေအုံ"ဟုခေါ်ကြသည်။ ဤပိုးကိုမြန်မာတို့က "နပုန်းကြည်" ဟုခေါ်ကြသည်။

ပရရေကို ပဂြေ၊ပဒေဂြေမစသည်ဖြင့် ရခိုင်တောင်သူလယ်သမားတို့ နှုတ်ဖျားဝယ်စွဲမြဲစွာရှိသည်။ပဂရေ သည် အိမ်တွင်ကပ်ရောက်သော ပဂရေ၊ သစ်ပင်တောတောင်တွင်ကပ်ရောက်သော ပဂရေဟူ၍ရှိသည်။ သစ်ပင် တောတောင်များတွင် ကပ်ရောက်သောပဂရေများအနက်စပါးပင်တွင်ကပ်ရောက်သော ပဂရေများကိုတောင် သူလယ်သများများက "ပဂရေနတ်မသည်" ဟုအယူရှိကြသည်။

ရခိုင်ရှေးဟောင်း ပြွီငါးမျိုး

ရခိုင်အမျိုးသားများတွင် ကိုယ်ပိုင်တူရိယာပစ္စည်းများ ရှေးမဆွကပင် ရှိခဲ့သည်။ " ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်" ဟူ၍ တူရိယာပစ္စည်း အမျိုးအစားများကို စာလုံးအတိုကောက်ဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။

"ကြေး"မှာ ကြေးဖြင့်ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ "ကြိုး"မှာ ကြိုးကို အသုံးပြု၍ ပြုလုပ်ရသော တူရိယာ ပစ္စည်းမျိုး၊ "သားရေ" မှာ သားရေကို အသုံးချ၍ ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ "လေ"မှာ လေကိုအသုံး ချရသောတူရိယာပစ္စည်းမျိုးဖြစ်ပြီး"လက်ခုပ်"မှာ လက်ခုပ်၊ ၀ါးလက်ခုပ်၊ သစ်လက်ခုပ် စသည်တို့ဖြစ်ပါသည်။
လေကိုအသုံးချ၍ ပြုလုပ်ရသော တူရိယာပစ္စည်းမျိုးတွင် ပလွေ (ခေါ်) ပြွီတစ်မျိုးလည်း ပါဝင်သည်။ ပြွီသည် ရခိုင်ပြည်နယ်၌ အခြား တူရိယာပစ္စည်းများ ထွန်းကားခဲ့သောအချိန်မှစ၍ ရှေးဟောင်း ပေဟောင်းများတွင် လည်း အထောက်အထား တွေ့ရှိရသည်။ မြောက်ဦးမြို့ရှိ ရှေးရုပ်တုများတွင် ပြွီမှုတ်ဟန်များကို ယနေ့တိုင် တွေ့ နိုင်ပါသေးသည်။

ငစည်(ငစွေ)အက

ငစည်အကသည် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ရမ်းဗြည့်ကျွန်း၌ ကပြသည်ကို ကျွန်တော် မြင်ဖူးခဲ့သည်။ သို့ သော် ရခိုင်သက္ကရာဇ် ၉၉၉-ခု၊ သီရိသုဓမ္မမင်း လက်ထက်က နန်းတွင်းတွင် ငပုသလအမတ် စီစဉ်တင်ဆက် ခဲ့သော ငစည်(ငစွေ) အကနှင့် နောက်ပိုင်း ကပြကြသော ငစည်(ငစွေ)အကတို့မှာ ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လေသည်။

သီရိသုဓမ္မမင်း လက်ထက်က မြောက်ဦးမြို့တွင် ကပြသော ငစည် (ငစွေ)အကမှာ နတ်ရှင်မယ်မိဖုရားနှင့် ငကုသလအမတ်တို့က ဘုရင်၏ နံကိုအကြောင်းပြု၍ ဘုရင်သုဓမ္မရာဇာ မြန်မြန် နတ်ရွာစံအောင် တဘောင်၊ ယတြာ၊ အတိတ်၊ နိမိတ်တို့ဖြင့် လုပ်ကြံ ဖန်တီး၍ ကပြခဲ့သောအကဖြစ်သည်။

ရခိုင်ကျေးလက်တွင် နောက်ပိုင်းကပြကြသော ငစည်(ငစွေ) အကမှာမူ နတ်ရှင်မယ်နှင့် ငကုသလအမတ်တို့ က ဘုရင် သုဓမ္မရာဇာအား ယုတ်မာရက်စက်စွာ လုပ်ကြံခဲ့ကြပုံကို နောင်လာ နောက်သားများ သတိသံဝေဂ ရစေခြင်းငှာ ကပြသော ငစည် (ငစွေ)အကဖြစ်သည်။ သို့ကြောင့် ရည်ရွယ်ချက်ချင်းကား များစွာကွာခြား လှ သည်။

ရခိုင်ကျင်

အခန်း(၁)
ကျင်အဓိပ္ပါယ်

“ကျင်”ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည် ကိုတွိရပါသည်။ ဦးရာဇ်တောင် ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မီဝန်းရုပ်သီး၊ရှုမငြီးအောင်”ဟူ၍ူ ရွီးဖွဲ့ ထားသည်။ ဆယ့်နှစ်လရာသီ လင်္ကာတပိုဒ်တွင်  …“မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည် ပန်းမဉ္စူကို နီပူထိုးကေ၊ ညှိုးလတ်တေ လည်း”ဟူ၍ူဖွဲ့ဆိုထား  ပြန်သည်။
လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃၌ “ကခြေများဖြင့်၊ တီး ကာရစ် မြည်၊စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်း ကောင်း မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်  နှစ်ပတ် လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ(၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါး များကို ရွီးသားခရာ- “ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံး ပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျား ယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်း ဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားက ယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ် ကို ကျားနှစ်ကောင်က အနိုင် လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်း လိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ ကျအောင် ကစပ်ရသော နည်းအတတ်ပညာ ဟူ၍ ယှင်းပြထားသည်။

ရခိုင်ရိုးရာ ငစည်ရှာ ပြဇာတ်အကြောင်း

ရခိုင်ရိုးရာ ငစည်ရှာရာဇ၀င်ပြဇာတ်ကြီးသည် ရခိုင်ပြည်နယ်တွင် ထင်ရှားသောပြဇာတ်ဖြစ်သည်။ ရခိုင်ယဉ် ကျေးမှုကို အရေးပါ အရာရောက်အောင် ထောက်ပံ့ပေးသော ပြဇာတ်တစ်စောင်လည်း ဖြစ်သည်။ ယခု လက်ရှိအချိန်အခါတွင် ငစည်တတ်များလည်း ရှားပါး ပျောက်ကွယ်နေချိန်ဖြစ်၍ မူရင်းဇာတ်အတိုင်း အနှစ် သာရပြည့်ဝသော ပြဇာတ်အဖြစ် ကပြနိုင်သူ ရှားပါးနေပြီဖြစ်သည်။ နဂိုမူလမှာလည်း ပျက်စပြု နေပြီဖြစ် သည်။ နဂိုမူရင်းဇာတ်ချင်းသည်လည်း နောက်မကြာမီတွင် ပျောက်ကွယ်သွား နိုင်ပေသည်။ ထို့ကြောင့် ယဉ် ကျေးမှုတစ်ရပ် မကွယ်ပျောက်ရအောင် ပြန်လည် တင်ပြရခြင်း ဖြစ်သည်။
    
ငစည်ရာဇ၀င် ပြဇာတ်ကို စီစဉ်တင်ပြသူမှာ မင်းဟရီလက်ထက် အမှုထမ်းသော အမတ်ကြီး ဦးဒိုးဝေ ဖြစ်သည်။ အခြားတစ်ဦး ဦးဒိုးဝေဆိုလျှင် ရခိုင်ပြည်နယ်၌ သာမက မြန်မာပြည်တလွှားကပင် ရာဇ၀င် ဆရာ အဖြစ် သိကြပါသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် နန်းတက်သော အဘယမဟာရာဇာ လက်ထက် တွင် အမတ်ကြီးအဖြစ်အမှုထမ်းစဉ် လေးဆယ့် ရှစ်အင်္ဂါ ရှိသော ရာဇ၀င်ကျမ်းတစ်စောင်ကို ပြုစုခဲ့သည်။ ဤနေ ရာ၌ ပေရွက်(၁၂) ရွက်ကို တစ်အင်္ဂါ ဟု ခေါ်သည်။ဤရာဇ၀င်ကြီး၌ (၄၈)အင်္ဂါဆိုလျှင် ပေရွက်ပေါင်း (၅၇၆) ရွက် ရှိသည်။ ၄င်း ရာဇ၀င်ကို ဒိုးဝေရာဇ၀င် ဟုခေါ်သည်။ ရာဇ၀င်ဆရာ အဖြစ် လည်းကောင်း ၊ပညာရှိ အမတ်အဖြစ်လည်းကောင်း သိကြသော ဦးဒိုးဝေမှာ မြောက်ဦးခေတ်နောက်ပိုင်းမှ ထင်ရှားလာသူ ဖြစ်သည်။ စစ်စစ် ဤဦးဒိုးဝေမှာ ပြဇာတ်ရေးသူမဟုတ် ရာဇ၀င်ဆရာ တစ်ယောက် သာဖြစ်သည်။

ကျင် အားကစားပညာ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအသီးသီးမှာ ရိုးရာအားကစားနည်းများ ရှိကြသည်။ အလားတူ ရခိုင်တိုင်းရင်းသားများမှာလည်း အားကစားနည်းများ စွာရှိသည့် အနက်ထင်ရှားသည့် အားကစားနည်း တစ်ခုမှာ “ ကျင် “ အားကစားနည်း ပင်ဖြစ်သည်။
    
“ကျင်”ပညာသည်တုတ်၊ဓါး၊လက်နက်များကို မကိုင်ဆောင်ဘဲ တစ်ဘက် ရန်သူကို မိမိ လက်၊ ခြေဖြင့် တိုက် ခိုက် အနိုင် ယူသော နည်း ပညာ ဖြစ်၏။ လက်၊ ခြေ ဖြင့် တိုက်ခိုက်သည်ဆိုသော် လည်း လက်သီးနှင့် ထိုး ခြင်း၊ ခြေထောက်ဖြင့်ကန်ကျောက်ခြင်းမျိုးကားမပြုလုပ်ရဘဲ ကျင်ပညာသားပါပါဖြင့်ယဉ်ကျေး သိမ်မွေ့စွာ တစ်ဖက် သူကို အနိုင်ယူသော နည်းပင်ဖြစ်၏။
     
ကျင်ပညာသည် ရခိုင်ရိုးရာ အားကစားနည်းအစစ်ဖြစ်သဖြင့် ကျင်ပညာအကြောင်းကို တစေ့တစောင်း လေ့ လာတင်ပြလိုပါသည်။
     
ကျင်အားကစားပညာသည် စာတစ်စောင်၊ ပေ တစ်အုပ်အဖြစ် သီးခြားရပ်တည်၍မရှိခဲ့သော်လည်း သက်ကြီး ရွယ်အို ရခိုင်အမျိုးသားကြီးများက မျိုးဆက်သစ် လူငယ်များ လက်ဝယ်သို့ ကျင် ပညာ ရပ်များကို လက်ဆင့် ကမ်း ပေးခဲ့ကြ၏။ ရခိုင်ရိုးရာ ပညာရပ်တစ်ခုအနေဖြင့် စဉ်လာ မပျက်၊ ထိန်းသိမ်း စောင့်ရှောက်လာခဲ့ သည် မှာ ယနေ့တိုင်ဖြစ်သည်။

No comments:

Post a Comment