ကဗျာများ

Add Mouse Code - Juegos MultiJugador®


************************************ HTML Free Code လူရို့ဖြစ်ရ
ဤလောကဝယ်
ငွေနှင့်အချစ်
ခုံရုံးစစ်က
အချစ်ကငွေအောက်
ပြပြားမှောက်လို့
အဖတ်ဆည်မရ
ဆုံးယှုံးရ၏။
......
 သင်္ခါရချင်း တူသော်လည်း
သစ်သီးမှည့်ကြွီးသံ ကြားရပြန်က
လူသူအများ နှုတ်ခမ်းဖျားက
ပြောဆိုကတ်ပြန် စကားသံကား
ဖြစ်မြဲဓမ္မာ သင်္ခါရာလတ်...။
မမျှော်လင်းဘဲ ဗြုန်းခနဲနန့်
သစ်စိမ်းသီးက ကြွီကာကျခါ
များစွာသောင်းသောင်း လူအပေါင်းက
နှမြောတသ,သ ပြောနီကတ်ပြန်..။
 ရခိုင်သားသို့မှာကြားခြင်း
ရခိုင်ပြည်ပေါက်ဖွား ရခိုင်သားသို့
မှာခြင်းတခု ပြုချင်ရေ။
တိုက်ကြီးတိုက်ငယ် အသွယ်သွယ်နန့်
ဇိမ်ခံကားများ တဖားဖားနန့်
စီးပွားဥစ္စာ ကြွယ်ချမ်းသာလို့
ငါမှငါဟု ဂုဏ်မော်ပြုကာ
ဂေါင်းမော်ကာဖြင့် မနိန်သင့်။
ရခိုင်စာပီ ရခိုင်မြီနန့်
ခိုင်ပြည်ရက္ခ တိုးတက်ရအောင်
ချိန်မှီကြိုးပမ်း တာဝန်ထမ်းဖို့
ရခိုင်သားတိုင်း တာဝန်ပင်။

 ဝီရိယ
လုံးလဝီရိယ ညံ့ဖျင်းလှက
အထွတ်ထိပ်ပန်းတိုင် မရောက်နိုင်ချေ။
မြင့်မြတ်ထိပ်ဖျား ရောက်ချင်ငြားက
ဇွဲလုံးလသန် ပြင်းပြင်းထန်နန့်
မရပ်မနား လွန်ကြိုးစားက
မိုးထိပန်းတိုင် တက်လှမ်းနိုင်၏။

No comments:

Post a Comment